အသင်းဖြစ်ပေါ်လာပုံအကျဉ်းချုပ်
၂၀၀၆ ခုနှစ်တွင် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံ အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်အသင်း အမည်ကို မြန်မာနိုင်ငံအကောက်ခွန် လုပ်ငန်းများဆိုင်ရာ ဝန်ဆောင်သူများအသင်း အမည် သို့ပြောင်းလဲခဲ့သည်။
၂၀၁၇ ခုနှစ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး အတည်ပြုချက်ဖြင့် အသင်း၏ သင်းဖွဲ့စည်းမျဉ်း သင်းဖွဲ့မှတ်တမ်းများကို အသစ်ပြန်လည်ရေးဆွဲနိုင်ခဲ့ပြီး အသင်းအမည်ကိုလည်း မြန်မာနိုင်ငံ အကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း အမည်သို့ ပြောင်းလဲခဲ့သည်။
အသင်း၏ဦးတည်ချက်များ (Vision)
အသင်းဝင်များ၏ လိုအပ်ချက်များကို ဝန်ဆောင်မှုပေးသည့်ပုံစံ ဖြင့် ပံ့ပိုးဆောင်ရွက်ပေးကာ အသင်းဝင်များ၏ယုံကြည်မှုဖြင့် အသင်း၏ဂုဏ်သတင်းကောင်းမွန်ပြီး အသင်းရေရှည် တည်တံ့စေရမည်။
အသင်း၏ရည်မှန်းချက်များ (Mission)
အသင်းဝင်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသင်း၏ဝန်ဆောင်မှုများကို အကောင်းဆုံး ဆောင်ရွက်ပေးခြင်းဖြင့် အသင်းဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်လာကာ စည်းကမ်းကျင့်ဝတ်များကို အကောင်းဆုံး လိုက်နာစေခြင်းနှင့် ဝန်ဆောင်မှုအရေအသွေးများ ကောင်းမွန်လာစေရန် ဆောင်ရွက်မည်။
အသင်း၏ရည်ရွယ်ချက်များ
အသင်းသားအရည်အချင်းများ
အသင်းဝင်အမျိုးအစားများ
ရိုးရိုးအသင်းသားများ (Ordinary Member)
ရိုးရိုးအသင်းသား(က)အဆင့် အသင်းသားသည် အကောက်ခွန်ဦးစီးဌာနမှ အသိအမှတ်ပြု အကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိထားသူ မြန်မာနိုင်ငံသားများ၊
ရိုးရိုးအသင်းသား(ခ)အဆင့်အသင်းသားသည် တရားဝင်အသိအမှတ်ပြုအကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရှိသော လုပ်ငန်းတစ်ခု၌ အကောက်ခွန်ဦးစီးဌာနတွင် မှတ်ပုံတင်၍ ခန့်ထားသော မြန်မာနိုင်ငံသားဝန်ထမ်းများ။
တွဲဖက်အသင်းသားများ (Association Member)
မြန်မာနိုင်ငံနယ်စပ်ဒေသများရှိ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း အဖွဲ့များကို တွဲဖက်အသင်းသားအဖြစ် သတ်မှတ်သည်။
တသီးပုဂ္ဂလအသင်းသားများ (Individual Member)
အကောက်ခွန်ဝန်ဆောင်မှုသင်တန်းအောင်မြင်ပြီးသော်လည်း အကောက်ခွန်ဝန်ဆောင်မှုလုပ် ငန်းဆောင်ရွက်ခြင်းမရှိသူ မြန်မာနိုင်ငံသားများ၊