မြန်မာနိုင်ငံ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း
သို့
အသင်းဝင်များအားလုံး
အကြောင်းအရာ ။ ။ “MACCS စနစ် System Upgrade ပြုလုပ်ခဲ့ သည့် အကြောင်းအရာများ နှင့်ပတ်သတ်၍ Private User များသို့ ရှင်းလင်းဆွေးနွေးပွဲ”သို့ တက်ရောက်နိုင်ပါရန် ဖိတ်ကြားခြင်း။
ရည်ညွှန်းချက် ။ ။စီမံကိန်းနှင့် ဘဏ္ဌာရေးဝန်ကြီးဌာန ၊ အကောက်ခွန် ဦးစီးဌာန ၏ ၁၄.၂.၂၀၁၉ ရက်စွဲ ပါ စာအမှတ်၊ ၂-ကထ/၂၀၁၉(၀၂၁)
၁။ အထက်အကြောင်း အရာပါ ကိစ္စ နှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဌာရေး ဝန်ကြီးဌာန ၊ အကောက်ခွန် ဦးစီးဌာန သည် MACCS စနစ်ကို (၁၂.၁၁.၂၀၁၆) ရက်နေ့ မှစတင်၍ ရန်ကုန် ဧရိယာအတွင်း (သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် ) စတင် အသုံးပြု ဆောင်ရွက်ခဲဲ့ ပါကြောင်း ၊ နယ်စပ်ဒေသများတွင် ပထမဆုံးနေရာ အဖြစ် မြဝတီနယ်စပ် ဒေသ၌ (၅.၆.၂၀၁၈) ရက်နေ့မှ စတင် အသုံးပြုဆောင်ရွက်လျှက် ရှိနေပြီး ကျန်ရှိနေသေးသည့် နယ်စပ်ဒေသများသို့ တစ်ဆင့် ပြီး တစ်ဆင့် ထပ်မံ တိုးချဲ့ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ MACCS စနစ်အား နိုင်ငံတကာ အဆင့်မီစနစ်တစ်ခု ဖြစ်ပေါ် လာစေရေးနှင့် ယခု လက်ရှိအသုံးပြုနေမှုထက် ပိုမိုအဆင်ပြေချောမွေ့ လာစေရေးအတွက် System Upgrate ပြုလုပ်ခြင်းကို အကောက်ခွန် ဦးစီးဌာန နှင့် ဂျပန် ကျွမ်းကျင် ပညာရှင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ MACCS စနစ် System Upgrade ပြုလုပ်ခဲ့ခြင်း နှင့် ပတ်သတ်၍ Private User များသို့ ရှင်းလင်း ဆွေးနွေးပွဲကို အောက်ဖေါ်ပြပါ အစီအစဉ် အတိုင်းကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်-
ကျင်းပမည့်နေ့ရက် - ၂၀၁၉ ခုနှစ်၊ မတ်လ ၅ ရက် (အင်္ဂါနေ့)
ကျင်းပမည့်အချိန် - နံနက် ၉:ဝ၀ နာရီ မှ ၁၂:ဝ၀ အထိ (၁)ကြိမ်
နေ့လည် ၂:ဝ၀ နာရီ မှ ၅:ဝ၀ နာရီ အထိ (၁)ကြိမ်
ကျင်းပမည့်နေရာ - ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၊ပထမထပ်၊ပင်္ဂလာခန်းမကြီး
အမှတ်(၂၉)၊ မင်းရဲကျော်စွာလမ်း၊လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
၂။သို့ဖြစ်ပါ၍ ဆွေးနွေးပွဲသို့ အကောက်ခွန် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း၏ အသင်းဝင်များ အားလုံး မပျက်မကွက် တက်ရောက်ပေးနိုင်ပါရန် နှင့် တက်ရောက်မည့် ပုဂိုလ်များအနေဖြင့် အမည်စာရင်းကို ၁. ၃. ၂၀၁၉ ရက်နေ့ နောက်ဆုံးထား၍ MCBA အသင်းရုံး၊ ဖုန်း ၀၁-၂၃၁၄၈၄၅ , ၀၉-၄၅၀၀၃၁၁၁၇
Email-mcba.office@gmail.com သို့ ပေးပို့နိုင်ပါရန် အကြောင်းကြား ဖိတ်ကြားအပ်ပါသည်။